သတင်းတို

တောင်ကိုရီးယားအစိုးရ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ အသင့်ဟု ကင်ဂျုံအန်းဆို

This article has been converted from Zawgyi One to Unicode

စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (ဓာတ်ပုံ -  Reuters)
စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (ဓာတ်ပုံ – Reuters)

စိန်ခေါ်ရန်စမှုတွေ ပြုလုပ်လာပါက တောင်ကိုရီးအစိုးရ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ သံဓိဌာန်ချထားတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက ပြောလိုက်ကြောင်း မြောက်ကိုရီးယားဗဟို သတင်းဌာန(KCNA) ကဖော်ပြလိုက်ပါတယ်။
“ကျနော်တို့ရဲ့ ရန်သူတွေက စိန်ခေါ်ရန်စမှုတွေကို ပြုလုပ်လာရင် မြောက်ကိုရီးယား ရဲ့ အမြောက်တပ်တွေ ဆိုးလ်မြို့ကိုပြာကျအောင် ပစ်မယ်” လို့ ယနေ့ပြုလုပ်တဲ့ အမြောက်တပ်များရဲ့ စစ်ရေး လေ့ကျင့်မှုကြီးမှာ ခေါင်းဆောင် ကင်ဂျုံအန်းကပြောလိုက်တာဖြစ်တယ်လို့ KCNA ကဆိုပါတယ်။

KCNA အဆိုအရတော့ ဒီစစ်ရေးလေ့ကျင်မှုမှာ တောင်ကိုရီးယား သမ္မတရုံးအပါအဝင် အစိုးရရဲ့ အဆောက်အဦးများတွေကို ပစ်မှတ်ထား စစ်ဆင်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင်မှုဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒုံးပျံများ ဖြန့်ချထားခြင်းမပြုမီ နောက်ဆုံးအနေနဲ့ ပစ်လွှတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒီအတောအတွင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကလည်း တပ်အင်အား ၃သိန်း၂သိန်းကို အသုံးပြုကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

Loading