ဂျပန်နိုင်ငံက အရှေ့တရုတ်ပင်လယ်ရှိ ၎င်း၏ ရေပြင်နှင့် ဝေဟင်ပိုင်နက်များကို စောင့်ကြည်ရန် Yonaguni ကျွန်းပေါ် မှာ ယနေ့ တပ်များချထားလိုက်ကြောင်း ကျိုဒိုသတင်းမှာ ဖော်ပြထား ပါတယ်၊ တပ်များချထားတဲ့ ကျွန်းဟာ တရုတ်နဲ့ အငြင်းပွားနေတဲ့ ဆန်ကာကူကျွန်းများအနီး မှာရှိပြီး ယင်းကျွန်းပေါ်မှာ ရေဒါစခန်းတွေ ရှိတယ်လို့ စစ်ရေး အကဲခတ်တွေကဆိုပါတယ်။
ဆန်ကာကူကျွန်းစုတွေကို ဂျပန်က ဝင်ရောက် သိမ်းပိုက်လိုက်ပြီးနောက်မှာ ၂၀၁၂ ခုနှစ်မှ စတင်ကာ တရုတ်- ဂျပန် ဆက်ဆံရေးမှာ တင်းမာလာခဲ့ပါတယ်။ ဂျပန်ကတော့ ဒီကျွန်းတွေဟာ အိုကီနာ ဝါ ပိုင်နက်ထဲမှာ ရှိတဲ့ ကျွန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ဂျပန်နဲ့ တရုတ်ဟာ အငြင်းပွားနေတဲ့ ကျွန်းများနဲ့ ပတ်သက်ပြီး တင်းမာမှုတွေကို လျော့ချဖို့ သဘောတူခဲ့ပေမယ့်၊ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ ဆန်ကာကူကျွန်းများအနီးရှိ ရေပြင်ပိုင်နက်အတွင်းကို တရုတ်သင်္ဘောတွေ ထပ်ခါတလဲလဲ ဝင်ရောက်လာတဲ့အတွက် ယင်းကျွန်းများအနီးမှာ ဂျပန်တပ်ကို ချထားခြင်း ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။