သတင်းတို

မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်များ နယ်စပ်၌ ပိုမိုလှုပ်ရှားလာ

This article has been converted from Zawgyi One to Unicode

ပုံစာ- မြောက်ကိုရီးယး မောင်းသူမဲ့လေယာဉ်များ သယ်ဆောင်လာသည်ကို တွေ့ရစဉ်(ဓာတ်ပုံ -RT)
ပုံစာ- မြောက်ကိုရီးယး မောင်းသူမဲ့လေယာဉ်များ သယ်ဆောင်လာသည်ကို တွေ့ရစဉ်(ဓာတ်ပုံ -RT)

မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်များ အနောက်ဖက်နယ်စပ်ဒေသများ၌ ပိုမိုပျံသန်း လာနေသည့် အတွက် တောင်ကိုရီးယားနိုင်ငံက တပ်လှန့်သတိပေးမှုများ ပြုလုပ်ထားကြောင်း ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။

အနောက်ဖက် နှစ်နိုင်ငံနယ်စပ် အနီး၌ အရွယ်အစားအမျုးိမျုးိသော မောင်းသူမဲ့လေယာဉ်များ လျင်မြန်သော အရှိန်အဟုန်ဖြင့် ဆင်းသက်လေ့ကျင့်ပျံသန်းများပြုလုပ်နေသည်ကို တောင်ကိုရီးယား စစ်ဖက်က စောင့်ကြည်နေကြောင်း ဆိုပါတယ်။

မောင်းသူမဲ့ လေယာဉ်တွေဟာ နှစ်နိုင်ငံ စစ်မဲ့ဇုန်ကို ကျော်ဖြတ်ကောင်းကျော်ဖြတ်နိုင်ပြီး မမျှော်လင့်ပဲ တောင်ကိုရီးယားရဲ့ စစ်ရေးအသင့်ဖြစ်နေမှုကိုတော့ ရှုပ်ထွေးစေရန် ဒါမှမဟုတ် အနောက်ဖက် ရှေ့တန်းဒေသကို အာရုံပြောင်းလဲစေပြီး ပြဿနာများ ပိုမိုရှုပ်ထွေးစေရန် ရည်ရွယ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်ယူဆပါတယ်။

မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲမှုနှင့် တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု ပြုလုပ်ပြီးတဲ့ နောက်ပိုင်း မှာ တင်းမာမှု ပိုမိုများပြားလာပြီး၊ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာရာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီးယား အနေနဲ့ တောင်ကိုရီးယား အစိုးရအဆောက်အဦးတွေကိုပါ တိုက်ခိုက်ဖို့ သံဓိဌာန် ချထားတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောလိုက်ပါတယ်။

Loading