သတင်းတို
အယ်နီညိုနှင့်သင်္ကြန် အကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် ဟောပြောမည်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံတွင် တေ့ွကြုံခံစားနေရသည့် အလွန်ပူပြင်းသည့် အယ်နီညိုရာသီဥတုအကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က အယ်နီညိုနှင့်သင်္ကြန် ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ Junction Square (Aqua Hall) တွင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က အယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အပေါ် သက်ရောက် လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ဟောမည့်အပြင် အယ်နီညို ရာသီဥတု ခံစားရောက် ရှိနေချိန် ကျန်းမာရေး အသိပညာပေးနှင့်မှတ်သား ဖွယ်ရာဆောင်ရန်ရှောင်ရန် အချက်များ ပါဝင်သော စာစောင်များ ကိုလည်း ဟောပြောပွဲတွင် ဝေငှသွားမည်ဖြစ်ကြောင်း သိရှိရသည်။