သတင်းတို
ကာလကတ္တားမြို့မှာ တံတားကျိုး လူ ၁၀ဦးခန့် သေဆုံး
This article has been converted from Zawgyi One to Unicode
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဘူရာဘဇာဧရိယာမှာရှိတဲ့ ဆောက်လုပ်ဆဲ မိုးပျံတံတားတစင်း ယနေ့နေ့လည်က ကျိုးကျရာ လူ ၁၀ ဦးခန့်သေဆုံးသွားပြီး၊ လူအများအပြား ဒဏ်ရာရသွားတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။ တံတား အပျက်အစီးတွေကြားမှာ ခရီးသွားများ အများအပြားပိတ်မိကြောင်းသိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်းသိရပါတယ်။