မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ပတ်သက်ပြီး ဝါရှင်တန်၌ အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေးနေစဉ်မှာပင် မြောက်ကိုရီယားက ဂျပန်ပင်လယ်အတွင်းသို့ ယနေ့နေ့လည် ၁၂နာရီ ၄၅မိနစ်ခန့်က နောက်ထပ် ဒုံးပျံတစင်းကို ပစ်လွတ်လိုက်တယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းကဆိုပါတယ်။
အဆိုပါ ဒုံးပျံကို မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ဧရိယာမှနေ၍ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး၊ ဒုံးပျံလမ်းကြောင်းကို တောင်ကိုရီးယား စစ်ဘက်က လတ်တလော လေ့လာနေကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဂျပန်ပင်လယ်အတွင်းသို့ တာတိုပစ်ဒုံးပျံတစင်းကို ပစ်လွှတ်ခဲ့သေး တယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌ ကျင်းပတဲ့ နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီယား နျူကလီးယား အရေးလည်း ထည့်သွင်းဆွေးနွေးနေကြပါတယ်။