တောင်တရုတ်ပင်လယ်၌ တင်းမာမှု မြင့်တက်နေစဉ်မှာပင် အမေရိကန်၊ ဖိလစ်ပိုင်နဲ့ သြစတြေးလျတို့ရဲ့ Balikatna လို့ အမည်ပေးထားတဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကိုကို မနေ့က စတင်လိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၁ရက်ကြာ လေ့ကျင့်မယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်လေယာဉ် ၅၅ စင်းနဲ့ ဖိလစ်ပိုင်တိုက်ေလေယာဉ် များနဲ့ စစ်သည်အင်အား ၁သောင်း ၁ထောင်ကျော် ပါဝင်ပြီး ထူးခြားချက်ကတော့ တရုတ်ရဲ့ စစ်ရေးတိုးချဲ့မှုကို တန်ပြန်တဲ့ အနေနဲ့အပြင် ဖိလစ်ပိုင်ရဲ့ ပိုင်နက်ကို ကာကွယ် တဲ့သဘောလို့သိရပါတယ်။
ဒီနှစ်စစ်ရေးလေ့ကျင့်မှုရဲ့ ထူးခြားချက်က အမေရိကန်လုပ် အဆင့်မြင့်ရွေ့ပြောင်းနိုင် တဲ့ လေယာဉ် ပစ် ဒုံးကျည် စနစ် (HIMARS)ကို ပါဝင်ပြသလေ့ကျင့်မှုပြုလုပ်မှာ ဖြစ်ပြီး အဲဒီ HIMARS ဒုံးကျည်တွေကို ဖိလစ်ပိုင် အနောက်ဖက်က ပလဝမ်ကျွန်းမှာ ချထားမယ်လို့ သိရပါတယ်။
အမေရိကန်၊ ဖိလစ်ပိုင်၊ သြစတြေးလျတို့ ပါဝင်တဲ့ Balikatan စစ်ရေးလေ့ကျင်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သံသယကြီးစွာရှိနေပြီး၊ အမေရိကန်နဲ့ ဖိလစ်ပိုင်တွေကတော့ ဒီစစ်ရေးလေ့ကျင်မှုဟာ တရုတ်ရဲ့ တောင်တရုတ် ပင်လယ်မှာ ပြုလုပ်နေတဲ့ စစ်ရေးတိုးချဲ့မှုကို တန်ပြန်တာမဟုတ်ဘူး၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ရင် လူသားချင်းအကူအညီပေးဖု့ိ လေ့ကျင်တာလို့ ဆိုပါတယ်။