၂၀၁၆ ခုနှစ်၊ ဧပြီ ၁၀ ရက် (၁၃၇၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်) တနင်္ဂနွေနေ့တွင် ကျရောက်မည့် ၁၆ ကြိမ်မြောက် ကယန်း အမျိုးသားနေ့ကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားများ ပြန်လည်စည်းလုံးညီညွတ်ရေး၊ စာပေယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ကယန်းလူမျိုးများ အခွင့်အရေး တန်းတူညီမျှရေး၊ အခြားသော တိုင်းရင်းသားများနှင့် အတူတကွ လက်တွဲပြီး ရှင်သန်ရပ်တည်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကယန်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ၂၀၀၀ ခုနှစ်တွင် ကယန်း အမျိုးသားနေ့ကို စတင်ပြီး သတ်မှတ် ကျင်းပလာခဲ့ရာ ယခု ၁၆ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း သိရသည်။