သတင်းတို

တနိုင်ငံလုံး အကျဉ်းသား ၂၁၀၀ ကျော် လွှတ်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့်သူများအား စောင့်ကြိုနေသော အကျဉ်းသား မိသားစုဝင်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့်သူများအား စောင့်ကြိုနေသော အကျဉ်းသား မိသားစုဝင်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ လွတ်ရက်စေ့သည့် အကျဉ်းသား ၂၁၀၀ ကျော်ကို ယနေ့ လွှတ်ပေးမည် ဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။
“အခု လွှတ်တာက လွတ်ရက်စေ့သူတွေ အားလုံးကို စုလွှတ်ပေးတဲ့ သဘောပါ။ သမ္မတရဲ့ လွတ်ငြိမ်းလည်း မဟုတ်ပါဘူး။

သင်္ကြန် ပိတ်ရက်တွေ ခံနေတော့ သက်ဆိုင်ရာ ထောင်အသီးသီးက သူ့အစီအစဉ်နဲ့သူ လွှတ်တာပါ”ဟု ပြောသည်။
ထောင်အသီးသီး၏ လွတ်မြောက်စာရင်းကို ညနေပိုင်းရောက်မှသာ သိရှိရမည်ဟု ဆိုသည်။ လွှတ်ပေးမည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်ကိုလည်း မသိရှိရသေးပေ။

Loading