သတင်းတို
အကျဉ်းသားများ စတင်လွှတ်ပေးနေပြီ
This article has been converted from Zawgyi One to Unicode

အစိုးရသစ် လက်ထက် လွတ်ရက်စေ့သည့် အကျဉ်းသားများအား ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ တောင်ငူ ထောင် နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ထောင်များမှ စတင်လွှတ်ပေးနေပြီဖြစ်ရာ ယခုအထိ အကျဉ်းသား ၅၀၀ ကျော် လွတ်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ အကျဉ်းသားများ လွတ်မြောက်မှုတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း မရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များ အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ လွတ်ရက်စေ့သည့် အကျဉ်းသား ၂၁၀၀ ကျော်ကို ယနေ့ လွှတ်ပေးမည် ဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဧရာဝတီကို ပြောဆိုထားသည်။