မြောက်ကိုရီးယား ထောက်လှမ်းရေးအရာရှိတဦး တောင်ကိုရီးယားသို့ ကူးပြောင်းခို လှုံလာကြောင်း တောင်ကိုရီးယားအစိုးရ၏ ပြောဆိုချက်ကို ကိုးကား၍ Channel New Asia သတင်းက ဆိုပါတယ်။ ကူးပြောင်းခိုလှုံလာသူဟာ မြောက်ကိုရီးယား ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိပြီး ပြီးခဲတဲ့နှစ်က တောင်ကိုရီးယားဘက်ကို ထွက်ခွာလာတယ်လို့ သိရပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Moon Sang-gyun က မြောက်ကိုရီးယား ထောက်လှမ်းအရာရှိကြီး ကူးပြောင်းလာတာ မှန်ကန်ကြောင်းဆိုပါတယ်။
အခုလို ထောက်လှမ်းရေးအရာရှိကြီး တောင်ကိုရီးယားကို ကူးပြောင်းခိုလှုံလာတာ ထူးခြားတဲ့ ဖြစ်ရပ် လို့လည်း ဆိုပါတယ်။ ၁၉၅၀- ၁၉၅၃ ခုနှစ်များက ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ အပြီးမှစ၍ ယခုအချိန်အထိ မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ဦးရေမှာ ၂၉၀၀၀ ရှိပြီဟု သိရပါတယ်။
ပြီးခဲ့တပတ်ကလည်း တရုတ်နိုင်ငံမှာဖွင့်လှစ်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်မှ အလုပ်သမား ၁၃ဦးဟာ တောင်ကိုရီးယားဘက်သို့ ကူးပြောင်းလာပါသေးတယ်။