သတင်းတို
ပြင်အား ၆မဂ္ဂနီကျု့ရှိ ငလျင် အီကွေဒေါတွင် ထပ်မံလှုပ်ခတ်
This article has been converted from Zawgyi One to Unicode
အီကွေဒေါနိုင်ငံ၌ ပြင်းအား ၆ မဂ္ဂနီကျု့ရှိ ငလျင်တခု ယနေ့ နံနက် ၃နာရီခန့်က ထပ်မံလှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်တိုင်းတာရေးအဖွဲ့(USGS) က ထုတ်ပြန်ပါတယ်။ ငလျင်ဟာ မန်နာဘီပြည်နယ် Bahia de Caraquez မြို့ အနောက်မြောက်ဘက်ရှိ ကီလီမီတာ ၃၀ အကွာ၌ လှုပ်ခတ်သွားခြင်းဖြစ်ပြီး အပျက်အစီး အသေအပျောက်နှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် စနေနေ့က အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းကို ဗဟိုပြုပြီး ပြင်အား ၇.၈ မဂ္ဂနီကျု့ရှိ ငလျင်ကြီး တခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၅၈၀ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အပျက်အဆီးများကို ရှင်းလင်းနေရဆဲဖြစ်သည်။