သတင်းတို

မြောက်ကိုရီးယားဒုံးပစ်လောင်ချာများ တောင်ကိုရီးယားနယ်စပ်အနီးချထား

This article has been converted from Zawgyi One to Unicode

မြောက်ကိုရီးယားဒုံးပစ်လောင်ချာများ တောင်ကိုရီးယားနယ်စပ်အနီးချထားမြောက်ကိုရီးယားက ဘက်စုံဒုံးပစ်လောင်ချာ ၃၀၀ ကို တောင်ကိုရီးယား နယ်နိမိတ်အနီး ချထားလိုက်ကြောင်း တောင်ကိုရီးယား စစ်ဘက်၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်၊ တောင်ကိုရီးယား မြို့တော် ဆိုးလ်အထိ ရောက်အောင်ပစ်ခတ်နိုင်သော အကွာအဝေးဖြစ်တဲ့ နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အနီးတွင် ချထားလိုက်ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ကဆိုပါတယ်။

တကယ်လို့ စစ်ဖြစ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယား ဒုံးပျံ ၉ထောင်လောက်ဟာ တပြိုင်နက်ပစ် ခတ်နိုင်ပြီး၊ ဒါကို တားဆီးကာကွယ်ဖို့ တောင်ကိုရီးယားမှာ ဒုံးပျံကာကွယ်ရေး စနစ်မရှိဘူးလို့ တောင်ကိုရီးစစ်ရေးလေ့လာသူတွေပြောဆိုချက်ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ရေးသားပါတယ်။

ထိုအတောအတွင်း မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံတစင်းကို အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေငုပ်သင်္ဘော တစီးမှနေ၍ စမ်းသပ်ပစ်လွှတ်ခဲမှုနှင့် ပတ်သက်၍ ထူးခြားပြောင်မြောက်သော အောင်မြင်မှုဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ဆိုပြီး ဒီပစ်လွှတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ တို့အနေနဲ့ အရေးယူဖို့ နည်းလမ်း ရှာရန် ဗြိတိန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ရီဆုယန်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ်ပူးတွဲပြုလုပ်နေသည့် စစ်ရေးလေ့ကျင်မှုကို ရပ်ဆိုင်းပါက မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသပ်မှုကို ရပ်ဆိုင်းရန် အသင့်ရှိကြောင်း AP သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။

Loading