လွှတ်တော် ကိုယ်စားလှယ်များ ကျပ် ၂၅၀၀၀ အထက် လက်ဆောင် လက်မခံရ
This article has been converted from Zawgyi One to Unicode

လက်ရှိ အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်များ ကျပ် ၂၅,၀၀၀ အထက် တန်ဖိုးရှိသည့် လက်ဆောင်များ လက်ခံခြင်းမပြုရန် ပြည်သူ့လွွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
မန္တလေးတိုင်း လွှတ်တော်၌ တိုင်းဒေသကြီးမှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်သည်။
“လုပ်ငန်းနဲ့ မပတ်သက်တာမျိုး၊ လူမှုရေးအရ၊ မိသားစု ဆက်ဆံရေးအရ ပေးတာ ကျွေးတာမျိုးကို ဆိုလိုတာ၊ ဒါတောင် တနှစ် လေးကြိမ် ထက် မပိုရဘူး။ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ လုပ်ပိုင်ခွင့်၊ အကျိုးစီးပွား အလို့ငှာ ဆိုရင်တော့ နှစ်သောင်းခွဲ မပြော နဲ့ နှစ်ကျပ်ခွဲလည်း မရဘူး”ဟု ဦးဝင်းမြင့်က ဆိုသည်။
ထို့အတူ အခါကြီးရက်ကြီး ကန်တော့ခံ ပစ္စည်းဆိုပါက ကျပ် ၁ သိန်းအထက်ပိုလျှင် လက်ခံခွင့်မပြုကြောင်းနှင့် လွှတ်တော်မရှိသည့် အချိန်များ၌ မိမိ၏ မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းခြင်း၊ ဥပဒေပြုရေးအတွက် လွှတ်တော်ဆိုင်ရာ ဥပဒေများအား သေချာလေ့လာခြင်း ပြုရန် တို့ကိုလည်း ဦးဝင်းမြင့်က မှာကြားသွားသည်။