ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေရှိဟုဆို
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် လာမည့် ရက်ပိုင်းအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ဝင်နိုင်ခြေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော သည်။
ဘင်္ဂလား ပင်လင်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအား ကောင်းလာပြီး မေလ ၁၉ ရက်နေ့တွင် မုန်တိုင်းငယ် ( depression) အဖြစ်သို့ လည်း ကောင်း၊ မေလ ၂၀ ရက်နေ့တွင် အပူပိုင်းမုန်တိုင်း (Tropical storm) အဖြစ်သို့ လည်းကောင်း၊ မေလ (၂၁) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (cyclonic storm) အဖြစ် လည်းကောင်း ရောက်ရှိ လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။
လတ်တလော ခန့်မှန်းမှုများအရ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေမရှိသော်လည်း မုန်တိုင်း၏ သဘောသည် လမ်းကြောင်းပြောင်းတတ်သဖြင့် စောင့်ကြည့်ရမည့်အနေအထား တွင်ရှိနေကြောင်း ဒေါက်တာထွန်းလွင်၏ ပြောဆိုချက်အရ သိရှိရသည်။