မြန်မာ့တပ်မတော်နှင့် ပလောင် (တအောင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ကျောက်မဲမြို့ တော့ဆန်ကျေးရွာနှင့် ကလောဝိုင်းကျေးရွာအကြား ယနေ့နံနက် ၈နာရီဝန်းကျင်က စတင်ကာ နံနက် ၁၁နာရီခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက်အထိအခိုက် အကျအဆုံးမသိရသော်လည်း တိုက်ပွဲ ကြောင့် ရွာသားတချို့ ပိတ်မိနေပြီး တိုက်ပွဲများ ရပ်ဆိုင်းသည်နှင့် ကျောက်မဲမြို့ပေါ်သို့ လာရောက် စစ်ရှောင်ရန် ပြုလုပ်နေကြောင်းသတင်းရသည်။
ယမန်နေ့ နေ့လည် ၁၂နာရီခွဲခန့်ကလည်း ပန်စံကျေးရွာအုပ်စုံ တွန်ခံကျေးရွာ အနီးတွင်လည်း တပ်မတော်နှင့် TNLA အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ တွန်ခံရွာသား ဦးမောင်မှာ တင်ပါးတွင် လက်နက်ကြီးစမှန်ကာ ကျောက်မဲ ဆေးရုံသို့ လာရောက်ကုသနေရသည်။
တင်မောင်သိန်းပေးပို့သည်။