သတင်းတို

မင်္ဂလာဒုံ၌ ဖမ်းမိသည့် မူးယစ်ဆေးအမှုနှင့် ပတ်သက်ပြီး တရားခံပြေး ၂၄ ဦးရှိ

This article has been converted from Zawgyi One to Unicode

မင်္ဂလာဒုံ၌ ဖမ်းမိသည့် မူးယစ်ဆေးအမှုနှင့် ပတ်သက်ပြီး တရားခံပြေး ၂၄ ဦးရှိ

ပြီးခဲ့သည့်နှစ်က မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အတွင်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ် များ၌ စံချိန်တင်ဖမ်းဆီး ရမိခဲ့သည့် စိတ်ကြွ ရူးသွပ်ဆေးပြား အမှုများ၌ လွတ်မြောက်နေဆဲ တရားခံပြေး ကြေညာထားသူ ၂၄ ဦးရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူး ဒု ရဲမှူးကြီး ကျော်ကျော်မင်းက ပြောသည်။
ငွေကျပ်သန်းပေါင်း ၂၈၉၃၈ တန်ဘိုးရှိ စိတ်ကြွွရူးသွပ် ဆေးပြား ၃၃ သန်းကျော်ကို ၅ကြိမ်ဖမ်းဆီးမိခဲ့ပြီး အာရှ၌ စံချိန်တင်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

ယင်း မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွယ်နေသူများဟု သံသယရှိသူ တရားခံများအဖြစ် မင်းဦးခိုင်နှင့် စစ်တွေယာဉ်လိုင်းတခု မှ ဂိတ်မှူးတဦး အပါအဝင် ဖမ်းဆီးရမိထားသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၆၈ မှုဖမ်းဆီးရမိခဲ့ရာတွင် တရာခံ ၈၆၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၅၁ မှုတွင် တရားခံ ၄၂၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။

ထွန်းထွန်း ပေးပို့သည်။

Loading