သတင်းတို

မန်စီတွင် အစိုးရတပ်နှင့် KIA ပစ်ခတ်မှု ဖြစ်

This article has been converted from Zawgyi One to Unicode

မန်စီမြို့ရှိ မိုင်းခေါင် စစ်ရှောင်စခန်း(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)
မန်စီမြို့ရှိ မိုင်းခေါင် စစ်ရှောင်စခန်း(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ကချင်ပြည်နယ်၊ မန်စီမြို့နယ် အတွင်းရှိ လိုင်ကာဇွပ်ဂျာ ကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခန့် အထိ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) တို့ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိသည့် မိုင်းခေါင် စစ်ရှောင်စခန်းများ နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။ တပ်မတော်နှင့် KIA မှာ မေလ ၁၄ ရက်မှ စ၍ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများအနီး ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

Loading