သတင်းတို

ပျောက်ဆုံးနေသည့် အီဂျစ်လေယာဉ်ကို ဂရိစစ်တပ် ကူညီရှာဖွေ

This article has been converted from Zawgyi One to Unicode

1039862157

မြေထဲပင်လယ်၌ ယနေ့နံနက်က ပျောက်ဆုံးသွားသည့် အီဂျစ်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် Airbus A320 အမျိုးအစား MS 804 လေယာဉ်အား ဂရိလေတပ်မှ ဟာကျူလီ အမျိုးအစား C-130 လေယာဉ်အပါအဝင် ဖရီဂိတ် စစ်သင်္ဘောဖြင့် ကူညီရှာဖွေပေးနေကြောင်း ဂရိသတင်းများကဆိုသည်။

အဆိုပါ MS804 လေယာဉ်သည် ခရီးသည် ၅၆ဦး လေယာဉ်အမှုထမ်း ၁၁ဦးကိုတင်ဆောင်ကာ ယနေ့နံနက် စောစောပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းစဉ် မြေထဲပင်လယ်ပေါ်၌ ရေဒါ မြင်ကွင်းမှ ပျောက်ကွယ်ကာ အဆက်အသွယ်ပြတ်တောက် သွားခြင်းဖြစ်သည်။

ဂရိ C-130 လေယာဉ်နှင့်အတူ Karpahtos ကျွန်း၌ ရဟတ်ယာဉ် ၂စီးကိုလည်း ရှာဖွေရေးကို ကူညီရန် အဆင်သင့်ပြင်ထားကြောင်း သိရသည်။

သို့သော်လည်း အီဂျစ်ခရီးသည်တင်လေယာဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်မရသေးကြောင်း သိရသည်။

မူလစောစောပိုင်းက ယင်းလေယာဉ်မှ အရေးပေါ်အချက်ပြမှုများကို နံနက် ၄နာရီ ၂၆မိနစ်က ရရှိခဲ့သည်ဆို သည့် သတင်းများနဲ့ ပတ်သက် ပြီး အီဂျစ် စစ်တပ်က ငြင်းလိုက်သည်။

Loading