သတင်းတို
ဗီယက်နမ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို အမေရိကန် ရုပ်သိမ်း
This article has been converted from Zawgyi One to Unicode

အမေရိကန်က ဗီယက်နမ်အပေါ် ချမှတ်ထားတဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းအပေါ် ယနေ့ ဗီယက်နမ်မှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ ရုပ်သိမ်း ပေးလိုက်ပြီလို့ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်ရဲ့ ပြောကြားချက်ကို ကိုးကားကာ Reuters သတင်းက ဆိုပါတယ်။
“ဗီယက်နမ်အနေနဲ့ အမေရိကန်ရဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းချက်ကို အထူးကြိုဆိုပါတယ်၊ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပုံမှန်အနေအထားကို ရောက်ရှိသွားပြီ”လို့ ဗီယက်နမ် သမ္မတက နှစ်နိုင်ငံ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကလည်း အမေရိကန်အနေနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာကို အပြည့်အ၀ ရုပ်သိမ်းပေးလိုက်သလို၊ ဗီယက်နမ်ရဲ့ လူအခွင့်အရေးနဲ့ ပတ်သက်လို့ စိတ်ချယုံကြည် နေမယ်ဖြစ်တယ်လို့ ဆိုပါတယ်။