စင်္ကာပူ အခြေစိုက် Titan Pest ကုမ္ပဏီက အင်းဆက်ပိုးမွှား ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်မည်
This article has been converted from Zawgyi One to Unicode

စင်ကာပူ အခြေစိုက် Killem Pest ကုမ္ပဏီ လီမိတက်၏ လက်ခွဲ ကုမ္ပဏီတခုဖြစ်သည့် Titan Pest Management ကုမ္ပဏီ လီမိတက်က အင်းဆက်ပိုးမွှားများ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ရန် စိုက်ပျိူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့နှင့် တွေ့ဆုံသွားမည်ဟု Titan Pest Management ကုမ္ပဏီတည်ထောင်သူ၊ ဒါရိုက်တာ Nicole Zycinski က မေ ၂၅ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“လာမည့်နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံ ဈေးကွက်မှာ စီးပွားရေး တိုးတက်ပြီး လူဦးရေများလာတာနဲ့ အမျှ ရာနဲ့ချီတဲ့ အိမ်တွေ စားသောက်ဆိုင်တွေ ဟိုတယ်တွေ လူနေရပ်ကွက်တွေက တိုးတက်လာမှာ ဖြစ်တယ်။ တိုးတက်လာတာနဲ့အမျှ လုံခြုံစိတ်ချရပြီးကောင်းမွန်တဲ့ အင်းဆက်ပိုးမွှားအန္တရာယ်တွေ ထိန်းချုပ်နိုင်ခြင်းက ရေရှည်မှာ မြို့ြုပအတွက် အမှန်တကယ် အရေးကြီးလာမှာ ဖြစ်ပါတယ်” ဟု Nicole Zycinski က ပြောသည်။
အဆိုပါကုမ္ပဏီ က စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ဟိုတယ်များ၊ လူနေအိမ်များ၊ စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံများ၊ ကျောင်းများ၊ စက်ရုံများ၊ စက်ရုံသုံးဂိုဒေါင်များ၊ ပန်းခြံများနှင့် အလှစိုက်ပန်းခြံများ၊ အတွက် အင်းဆက်ပိုးမွှား ထိန်းသိမ်းမှု အတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို ပေးသွားမည်ဟုသိရသည်။