
အာဆီယံံနိုင်ငံများ အနေဖြင့် တရုတ်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်းက ဖိတ်ခေါ်လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝုန်စုဝမ်ရဲ့ ပြောဆိုချက်ကို ကိုး ကားပြီး Bangkok Post သတင်းက ဆိုပါတယ်။
ပြီးခဲ့သည့်အပတ် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြုလုပ်တဲ့ ၁၀ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး 10th ASEAN DEFENCE MINISTERS MEETING (10th ADMM)၌ အာဆီယံ နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် တရုတ်ကာကွယ်ရေး ဝန်ကြီးတို့ တွေ့ဆုံရာ၌ ထိုသို့ ကမ်းလှမ်းခြင်းဖြစ် တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ပြီးခဲ့သည့် နှစ်ကလည်း ကမ်း လှမ်းခဲ့ပြီး၊ ယခုတကြိမ် ကမ်းလှမ်းမှုမှာ အာဆီယံနိုင်ငံတနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအပေါ် အမေရိကန် က စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါတယ်။
ဒါပေမယ့် တရုတ်ရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြကား မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း စသည့် နိုင်ငံများ နှင့် တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ရေတပ်အင်အားကို တိုးချဲ့လျှက်ရှိပါ တယ်။
တင်းမာမှုဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့ အကြား ပူးတွဲစစ်ရေးလေ့ကျင်မှုများ ပြီးခဲ့သည့်လအတွင်းက ပြုလုပ်ခဲ့ပါသေးတယ်။