ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦးမှာ ယနေ့ ဇွန်လ ၁ ရက်မှ စတင်ကာ လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင်ဖြစ်လာသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
ကော်မတီ အတွင်းရေးမှူးအဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသန်း၊ ကော်မတီဝင်အဖြစ် ဒေါ်မေမေသွင်နှင့် ဒေါ်သန်းမြင့်အောင် တို့ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။