နိုင်ငံရေးအကျဉ်းသားဟု သီးခြားသတ်မှတ်ပေးရန် အစီအစဉ်မရှိဟု ပြည်ထဲရေးဒုဝန်ကြီးပြော
This article has been converted from Zawgyi One to Unicode
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဟူသည့် စကားရပ်များကို အဓိပ္ပာယ်ဖွင့်ဆိုသတ် မှတ်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယနေ့ပြုလုပ်သည့် ပြည် သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေး အကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ် သက်၍ ဒု-ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဟူသည့် စကားရပ်ကို တည်ဆဲဥပဒေတရပ် ရပ်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို မတွေ့ရှိရပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများတွင် ဖော်ပြပါရှိ ခြင်းမရှိသဖြင့် နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံ ရေးအကျဉ်းသားဆိုသည့်စကားရပ်များကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ပေးရန် အစီ အစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းဦးစီးဌာနမှလက်ရှိကျင့်သုံးနေသည့် အကျဉ်း ထောင်လက်စွဲဥပဒေပါ ပြစ်ဒဏ်ကျအကျဉ်းသားများနှင့်ပတ်သက်၍ A Class၊ B Class၊ C Class ဟူ၍ အတန်း အစား ၃ မျိုး ခွဲခြားထားသော်လည်း အကျဉ်းထောင်ထဲတွင်အကျဉ်းသားများကို အဆင့်အတန်းခွဲခြားမှုမရှိစေရန်ရည်ရွယ်၍ ၁၉၆၄ ခုနှစ်တွင် ပယ်ဖျက်ခဲ့ကြောင်း လွှတ်တော်တွင်ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၄ တွင်လည်း နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း ထပ်တူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟုပြဋ္ဌာန်း ပါရှိသဖြင့် အကျဉ်း သားများအား အဆင့်အတန်းခွဲခြားသည့်စနစ်ကို ပြန်လည်ဖော်ဆောင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင် နေနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောဆိုသည်။