ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)မှ ကျား များကို ရပ်ချ်ဘူရီခရိုင်ရှိ တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး စခန်းများသို့ ရွေ့ပြောင်းနေရာ ယနေ့ နောက်ဆုံးအသုတ် ကျားများကို ယနေ့ အပြီးပြောင်းရွေ့မယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။စုစုပေါင်း ဘင်္ဂလားကျား ၁၃၇ကောင်အနက် ၁၀၄ကောင်ကို ပြောင်းရွေ့ပေးနိုင်ခဲ့ပြီဖြစ်ပြီး၊ ယနေ့ ကျန်ရှိနေ သည့် ကျား ၃၃ကောင်ကို ဆက်လက် ပြောင်းရွေ့မှာဖြစ်ပါတယ်။
Tiger Temple လို့ လူသိများတဲ့ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူလေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်းလုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး တရားမဝင်တိရစ္ဆာန် ရောင်းဝယ်မှုများ ရှိနေတယ်၊ ဒါ့အပြင် ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ အချက်ကို လို့ စွပ်စွဲမှုများ ဖြစ်ပေါ်ပြီးနောက် ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က အာဏာပိုင်များ ပိတ်ပစ်လိုက်ကာ ကျားတွေကို ရွေ့ပြောင်းပေးနတာဖြစ်ပါတယ်။
မနေ့ကတော့ ကျားကျောင်းက ဘုန်းတော်ကြီးတပါးနဲ့ ကပ္ပိယ ၂ဦး မောင်းနှင်လာတဲ့ကားတစီးပေါ်ကနေ ကျား သားရေနဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွ့ဲ ၁ထောင်ကျော်၊ ကျားပေါက်တွေကို ဆေးရည်စိမ်ကာ အားတိုးဆေး ပြုလုပ်ထားတဲ့ ပုလင်းတွေ၊ တခြားရှားပါးသတ္တဝါတွေဖြစ်တဲ့ ခြင်္သေ၊ အာရှဝက်ဝံနက်၊ ကျားသစ်တို့စတာတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ ကျားပေါက်အသေ ကောင် ၄၀ နဲ့ တခြားရှားပါး တိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးရမိထား ပါတယ်။