ဂျပန်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ရင် ရှေ့တန်းတင်ပြောဆိုခြင်းမပြုဖို့နဲ့ တရုတ်အကျိုးစီးပွားကို တားဆီးခြင်းမလုပ်ဖို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo က ဂျပန်နိုင်ငံ ဒု ကာကွယ်ရေးဝန်ကြီး တိုရူး မီမူရာနဲ့ စင်ကာပူမှာ ကျင်းပနေတဲ့ ၁၅ကြိမ်မြောက် ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ တွေ့ဆုံစဉ် တိုက်တွန်းလိုက် ပါတယ်။
တရုတ်ဗဟို စစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Sun က တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထောက်ရှူ့ပြီး သေသေချာချာလုပ်ဆောင်ရန် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဆိုတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကလည်း နှစ်နိုင်ငံဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ပြန်လည်ပြောဆိုကြောင်း သိရပါ တယ်။
ဂျပန်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားမှု ဖြစ်ပွားနေ တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့နိုင်ငံများနဲ့ စစ်ရေးဆက်သွယ်မှုများပြုလုပ်နေသလို၊ ကိုယ်တိုင်လည်း စစ်ရေးတိုးချဲ့မှုတွေကိုလုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်တန်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင်လည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ စနေနေ့က ပြောဆိုထားပြီးဖြစ်ပါတယ်။
ဒါအပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာက တရုတ်တို့ အနေနဲ့ တောင်တရုတ် ပင်လယ်မှာ စစ်ရေးအရ ဆက်လက်ပြီး စိန်ခေါ်မှုတွေ လုပ်နေမယ်ဆိုရင် ကိုယ်ဖာသာကိုယ် အထီးကျန်အောင် ပြုလုပ်နေသလို ဖြစ်နေလိမ့်မယ်လို့ သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။