ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့အကြား ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ရသေ့ တောင်မြို့နယ် ရီကောင်းချောင်းကျေးရွာနဲ့ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဧရာဝတီကို ပြောပါတယ်။“မနက်ပိုင်းဖြစ်တဲ့တိုက်ပွဲက ပိုပြင်ထန်တယ်။ ၁ နာရီလောက် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာတော့ တင်းမာမှုတွေရှိနေတုန်းပဲ” လို့ ခိုင်သုခက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး၊ ဒေသခံပြည်သူ ၁ထောင်ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ထွန်းထွန်း သတင်းပေးပို့သည်။