ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ဓာတ်ပုံပြပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပမည့် “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ဓာတ်ပုံပြပွဲနှင့် ဖျော်ဖြေပွဲများ”ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်ရှိ မင်္ဂလ မမန္တလေး သီရိ ပန်းချီ အနုပညာပြခန်းတွင် ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်မှ ၂၁ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဇွန် ၁၉ရက်ည၌ လူရွှင်တော် ပန်းသီး၊ ကြယ်သီး၊ ထက်ထက်၊ ချစ်ချော၊ ပိုးလေး၊ မင်းနောင်၊ ဘဲတော နှင့် မင်းသမီး ဇွဲရတီတို့ ဖျော်ဖြေမည့် “ခွပ်ဒေါင်း ကြယ်ဖြူ” အငြိမ့်၊ ၂၀ ရက်နေ့ ညပိုင်းတွင် မြို့မတူရိယာအသင်းနှင့် အငြိမ့်ခန်းနှင့် ၂၁ ရက်နေ့ ညပိုင်းတွင် ဂီတမိတ်အဖွဲ့တို့မှ ဖျော်ဖြေပေးကြမည်ဖြစ်ကြောင်း သိရသည်။
ပွဲတွင် ပူးပေါင်း ပါဝင်ပြသလိုသည့် ပန်းချီပညာရှင်များ၊ ဓာတ်ပုံပညာရှင်များအနေဖြင့် ပန်းချီကားများနှင့် ဓာတ်ပုံများကို ဇွန်လ ၁၈ ရက် နောက်ဆုံးထားကာ မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ သီရိပန်းချီအနုပညာပြခန်းသို့ ပေးပို့ပေးနိုင်ကြောင်းသိရသည်။