ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် ကျောင်းပြင်ပတွင် ကျူရှင် ပြသခြင်း မပြုရန် ညွှန်ကြားချက် ရှိထားပြီး ဖြစ်သဖြင့် တိုင်ကြား သူရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲက ဧရာဝတီသို့ ပြောသည်။
ကျူရှင်သင်ကြားခွင့် မပြုသည့် ညွှန်ကြားချက်မှာ ၁၉၉၀ ခုနှစ်ကတည်းက အမိန့်ညွှန်ကြားချက်ဖြစ်ပြီး ယနေ့အချိန်အထိ အသက်ဝင်နေဆဲဖြစ်ကြောင်း၊ လို အပ်ချက် ရှိသော ဒေသများတွင် ကျူရှင်သင်ကြားခြင်း မပြုလုပ်ရန် ထပ်မံသတိပေးမှုများကို ပညာရေး တာဝန်ခံများက ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပညာရေး သုတေသန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက ပြောသည်။
“ကျူရှင် သင်တယ်ဆိုပြီး လိုက်ဖမ်းလို့တော့ မရဘူး။ တိုင်တဲ့သူရှိမှ အရေးယူတာပါ။ သင်ခဲ့ရင်တော့ စုံးစမ်းစစ်ရေးတွေ သေချာလုပ်ပြီး အပြစ်ပေးတာ ရှိပါတယ်”ဟု ဒေါက်တာ ခိုင်မြဲက ပြောသည်။