ဗီယက်နမ်လေတပ်မှ ရုရှားလုပ် ဆူခွိုင်း Su-30MK2 အမျိုးအစား တိုက်လေယာဉ်တစီး ယနေ့နံနက် ၈နာရီခန့်က Nghe An ကမ်းရိုးတန်းဒေသတွင် လေ့ကျင်နေစဉ် ပင်လယ်ထဲသို့ ပျက်ကျသွားကြောင်း ဗီယက်နမ်သတင်းတွင် ဖော်ပြထားပါတယ်။
အဆိုပါ လေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေစဉ် အဆက်အသွယ်ပြတ်သွားကြောင်း၊ လေယာဉ်မှူး၏ အခြေအနေနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း လေတပ် ဗိုလ်ချုပ် Do Minh Tuan ကဆိုပါ တယ်။
ပျောက်ဆုံးနေသည့် လေယာဉ်ကို စစ်ရေယာဉ် ၃စီးဖြင့် ပင်လယ်ပြင်တွင် လှည့်လည်ရှာဖွေနေပြီး ငါးဖမ်းသင်္ဘော ၂၀ကလည်း ကူညီရှာဖွေပေးနေကြောင်းသိရပါတယ်။