ကမ္ဘောဒီးယားနိုင်ငံ အန်ကော်ဝပ်ဘုရားကျောင်း တဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ မှ ၁၄၀၀ အကြား ထွန်းကားခဲ့တဲ့ ရှေးဟောင်းမြို့ပြကြီးတခုနဲ့ စိုက်ပျိုးရေးဆိုင်ရာ အထောက်အထားတွေကို သြစတြေးလျနိုင်ငံ သားတဦးပါဝင်တဲ့ သုတေသနအဖွဲ့က အဆင့်မြင့်လေဆာနည်းပညာကို အသုံးပြုပြီး ရှာဖွေ တွေ့ရှိခဲ့တယ်လို့ The Guardian သတင်းမှာဖော်ပြထားပါတယ်။
အန်ကောဝပ်ဘုရားကျောင်းအနီးက သစ်တောတွေရဲ့ အောက်မှာ တိမ်မြုပ်နေတဲ့ ရှေးဟောင်းမြို့ဟာ ခမာယဉ်ကျေးမှုနဲ့ ၁၅ရာစု မှာ ခမာအင်ပါယာ ပြိုကွဲသွားရခြင်းနဲ့ ပတ်သက်ပြီး အထောက်အကူပြု အချက်အလက်များပေးနိုင်မယ်လို့ သြစတြးလျ နိုင်ငံသား ဒါမီယန် အီဗန်စ်က ဆိုပါတယ်။
ယခုရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရ အနုပညာနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြင် သစ်အခြေစိုက် French Institute of Asian Studies အဖွဲ့နဲ့ ဆက်လက်ပူးတွဲလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ရှိ သမိုင်းပညာရှင်များကတော့ ရှေးဟောင်း ခမာလူ့အဖွဲ့အစည်း ပြိုကွဲသွား တာဟာ ၁၅ရာစုမှာ ထိုင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီး၊ လုယက်ဖျက်ဆီးကာ ပြည်သူ တွေကို ကမ္ဘောဒီးယား တောင် ပိုင်းကို အတင်းအကျပ် ပြောင်းရွေ့ခိုင်းမှုလို့ ဖြစ်တယ်လို့ လက်ခံထားပေမယ့် ယခု သြစတြေး လျ ရှေးဟောင်း သုတေသနပညာရှင် အီဗန်စ်တို့ ရှာတွေတဲ့ လေဆာမြေပုံထဲတော့ အစုလိုက် အပြုံလိုက် ပြောင်းရွေ့ခံရတဲ့ လက္ခဏာ မတွေ့ရတဲ့ အတွက် ဒီအပိုင်းနဲ့ ပတ်သက်လို့ မရှင်းလင်းသေး ဘူး လို့ ဆို ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ ဆိုဘွန်းတက္ကသိုလ်က ကမ္ဘောဒီးယား ပညာရှင် ချန်ရာတာနာ ချန်းကတော့ ကမ္ဘောဒီးယား ပြည်သူတွေအနေနဲ့ အန်ကောဝပ်ကို သေးငယ်တဲ့ မြို့အဖြစ်သိရှိထားပေမယ့် အခု အသစ်ရှာဖွေတွေ့ရှိမှုကြောင့် သူ့ရဲ့ သိရှိလက်ခံထားတွေကို ရှုပ်ထွေးစေတယ်လို့ ဆိုလိုက်ပါတယ်။
“ အခု အသစ်တွေ့ရှိမှုကြောင့် ရှေးဟောင်း ခမာအင်ပါယာဟာ ကျနော်တို့ ထင်ထားတာထက် အများကြီး တိုးတက်ဖွံဖြိုး တဲ့ လူအဖွဲ့အစည်း ဖြစ်နေတယ်၊ အထူးသဖြင့် မြို့ရဲ့ စီမံခန့်ခွဲမှုတို့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဆည်မြောင်းရေပေးသွင်းမှု စနစ်တို့မှာ ဖြစ်တယ်” လို့ ချန်ကဆိုပါတယ်။