ကျောက်မျက်နှင့် စားသောက်ကုန်လုပ်ငန်းကို ပို့ကုန်အမယ်သစ် အဖြစ် ထည့်သွင်း
This article has been converted from Zawgyi One to Unicode

အမျိုးသား ပို့ကုန်မဟာဗျူဟာ စီမံကိန်းတွင် ပို့ကုန်မြှင့်တင်ရေးအတွက် ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍနှင့် လယ်ယာ ထွက်ကုန်ကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း ကဏ္ဍ ၂ ခုကို ပို့ကန်ုပစ္စည်း အမယ်သစ်အဖြစ် ထည့်သွင်းလိုက်ကြောင်း MYANTRADE ၏ ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။
အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းလိုက်သော မြန်မာကုန်သွယ်မှု မြှင့်တင်ရေး (Myanmar Trade promotion organi zation – MYANTRADE) ပေါ်ထွက်လာပြီးနောက် ယခင်အစိုးအရလက်ထက်တွင် ရေးဆွဲခဲ့သည့် အမျိုးသား ပို့ကုန်မဟာ ဗျူဟာကို အသစ်ထပ်မံရေးဆွဲလိုက်သည့် master plan တွင် အဆိုပါကဏ္ဍနှစ်ရပ်ကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
၎င်းက“MyanTrade ဖြစ်လာတဲ့အချိန်မှာ ထပ်မံရေးဆွဲတဲ့ မာစတာပလန်ကတော့ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတဲ့ ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍ ပို့ကုန်မြှင့်တင်ရေးရယ် နောက်တခုက လယ်ယာထွက်ကုန်ကို အခြေခံတဲ့ စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်း မြှင့်တင်ရေးကိုပါ ထပ်ထည့်ထားတယ်”က ပြောသည်။
မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ (MYANTRADE) ကိုဖွဲ့စည်းထားခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်ပိုမို တိုးမြှင့်ရန်၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ကုန်ထုတ်လုပ်မှု အမယ်များတိုးမြင့်ရေး ဆောင်ရွက်နိုင်ရန်၊ SME လုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက် အသစ် ရှာဖွေနိုင်ရန်၊ သတင်းအချက်အလက်၊ နည်းပညာ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။