ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် ၁ ခုလျှင် ကျေးရွာ ၁ ရွာနှုန်းဖြင့် ကျေးရွာ ၇ အား မြေငှားဂရန်များ ထုတ်ပေးရန် ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဌာနက စီစဉ်နေရာ အဆိုပါ စီမံချက်အတွင်း ပါဝင်သည့် သာပေါင်းမြို့နယ်၊ အုတ်ပုံကုန်း ကျေးရွာအား ဂရန်ထုတ်ပေးရန် တိုင်းတာမှုများ စတင် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ကျေးရွာများကို မြေငှားဂရန် ထုတ်ပေးသည့်လုပ်ငန်းအား ရက် ၁၀၀ စီမံချက်အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပုသိမ်မြို့နယ်တွင် ကိုးဆူကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျိုက်လတ်ကျေးရွာ၊ ငပုတော မြို့နယ်တွင် ဒယ်ကုန်းကျေးရွာ၊ ကျုံပျော်မြို့နယ်တွင် တောချောင်းကျေးရွာ၊ သာပေါင်းမြို့နယ်တွင် အုတ်ပုံကုန်းကျေးရွာနှင့် ရေကြည်မြို့နယ်တွင် ဆူးပဒေါင်းကွင်း ကျေးရွာတို့အား သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား၍ မြေငှားဂရန်များ ထုတ်ပေးသွားမည်ဟု ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက ပြောသည်။