သတင်းတို
မန္တလေး ဒိုင်မွန်းပလာဇာ ၅ လွှာ အပေါ်ထက်ကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေးဆုံး
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
မန္တလေး ၇၇ လမ်းနှင့် ၇၈ လမ်းကြား နှင့် ၃၄လမ်း နဲ့ ၃၃ လမ်းကြား ချမ်းအေးသာစံ မြို့နယ်ရှိ ဒိုင်းမွန်းပလာဇာ ၅ လွှာ အမျိုးသားတစ်ဦး ဇွန်လ ၁၇ နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြုတ်ကျသေဆုံးကြောင်းသိရသည်။
သေဆုံးသူမှာ ကုမ္ပဏီ ဝန်ထမ်းတဦးဖြစ်သူ အသက်၂၃ နှစ် အရွယ်ရှိ မောင်သက်ပိုင်စိုး ဖြစ်ပြီး မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ ၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။
“သားကြီးက မိသားစုမှာ အကြီးဆုံးသားပါ။ မိသားစုကို လုပ်ကိုင်ကိုင်ကျွေးနေတာပါ။သူမှာ စိတ်ညစ်စရာဘာတစ်ခုမှမရှိပါဘူး။ မနက် အိမ်ကထွက်သွားတုန်းက ပြုံးပြုံးရွှင်ရွှင်ပါ”ဟု သေဆုံးသူ၏ မိခင် က ပြောပြသည်။
အဆိုပါ အမှုကို အမှတ် ၈ ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်၍ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
Did you find apk for android? You can find new Free Android Games and apps.