သတင်းတို

မိုးကြောင့် ဘန်ကောက်မြို့လမ်းများ၌ ရေလျှံမှု မြို့တော်ဝန်တောင်းပန်

This article has been converted from Zawgyi One to Unicode

မိုးကြောင့် ဘန်ကောက်မြို့လမ်းများ၌ ရေလျှံမှု မြို့တော်ဝန်တောင်းပန်မနေ့ညက သည်းထန်စွာ ရွာသွန်းသည့် မိုးကြောင့် ဘန်ကောက်မြို့တော်ရှိ လမ်းများ၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဘန်ကောက်မြို့တော်ဝန် မစ္စတာ ဆူခွန်ဗန် ပရီဘီထြာက မြို့သူမြို့သားများကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

“ရေလျှံတာနဲ့ ပတ်သက်လို့ ကျနော်တို့ ပြည်သူတွေကို တောင်းပန်ပါတယ်၊ ဒီပြသနာဟာ အနာဂတ်မှာလည်း ကြုံနိုင်ဖွယ်ရှိပါတယ်၊ ဒါကြောင့်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနေပါတယ်”လို့  သူက ဆိုပါတယ်။

ရုတ်တရက် သည်းထန်စွာ ရွာသည့် မိုးသည် မီလီမီတာ ၂၀ခန့် လမ်းများပေါ်ရေလျှံခဲ့ပြီး သွားရေးလာရေး ခက်ခဲ့ ခဲ့သလို၊ အိမ်များအတွင်းရေးများဝင်ရောက်ခဲ့တာကြော့် အနည်းဆုံး စာသင်ကျောင်း ၃ကျောင်းလည်း ပိတ်ထားရပါတယ်။

မြို့တော်ဝန်ဟာ ရေလျံတဲ့နေရာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး ၊ နောက်ရက်တွေမှာလည်း မိုးဆက်လက်ရွာ သွန်းနိုင်တဲ့အတွက် အဓိက လမ်းမကြီးတွေမှာ ကူညီကယ်ဆယ်ရေး လုပ်သားတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ချထားဖို့ လည်း ညွှန်ကြားခဲ့ပါတယ်။

Khlong Bang Sue အရပ်မှာ ပြုလုပ်နေတဲ့ ရေနှုတ်မြောင်း စီမံကိန်းကို လာမည့် ဧပြီလအပြီး ပြုလုပ်ရမှသာ ရေရှည်အတွက် အဆင်ပြေမယ်လို့ သူကဆိုလိုက်ပြီး ဒီရေနှုတ်မြောင်းပြီးရင်တော့ ရမ်ဆစ်၊ရက်ချဖိဆစ်၊ လတ်ဖရောင်း စတဲ့လမ်းတွေနဲ့ အနီးကဧရိ ယာ တွေကို ရေလျံမှု သက်သာသွားမှာဖြစ်သလို၊ Khlong Prem Prachakorn နဲ့ Bung Nong Bon တွေမှာလည်း ရေနှုတ်မြောင်းစနစ် ပြု လုပ်နေပါတယ်။

ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကလည်း မိုးရွာပြီးရင်တော့ ဘန်ကောက်ရဲ့ ရေနှုတ်မြောင်းတွေကို မွမ်းမံပြင်ဆင်ဖို့ ပြောဆိုထားပါတယ်။

Loading