ထန်ဟင်းဒုက္ခသည်စခန်းသွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် ဖျက်သိမ်း
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်၌ ပါရှိသော ထန်ဟင်း ဒုက္ခသည် စခန်းသို့ သွားရောက်မည့် အစီအစဉ်ကို ထိုင်းဒေသအာဏာပိုင်များက ဖျက်သိမ်းလိုက်ကြောင်း စခန်းကော်မတီ နှင့် နီးစပ်သူထံမှ သိရပါတယ်။
ယနေ့မှာ ထိုင်း ဒေသအာဏာပိုင်တွေဟာ အကြောင်းပြချက် တစုံတရာ ပြောကြားခြင်းမရှိပဲ၊ဒေါ်အောင်ဆန်း စုကြည် လာရောက်လည်ပတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း စခန်းကော်မတီဝင်တွေကို အကြောင်း လာတယ်လို့ အဆိုပါ နီးစပ်သူက ဧရာဝတီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ထိုင်းနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ လာမည့် စနေနေ့မှာတော့ ဒုက္ခ သည် စုစုပေါင်း ၆ထောင်ကျော်ရှိတဲ့ ထန်းဟင်း ဒုက္ခသည် စခန်းကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
နယ်စပ်ဒေသ အကူအညီပေးရေး ညွန့်ပေါင်း အဖွဲ့ (The Boarder Consortium-TBC) ရဲ့အမှုဆောင် ညွန်ကြားရေးမှူး မစ္စစ် ဆယ်လီဆွန်မ်ဆင်ကလည်း ထန်ဟင်း ဒုက္ခသည် စခန်း ကို ဒေါ်အောင်ဆန်း စုကြည် လာရောက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်ဆိုတာ ကို ကြားသိရ သော်လည်း ဘာကြောင့် ဆိုတာတော့ မသိရသေးကြောင်း၊ အကယ်၍ ခရီးစဉ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံဖို့ စောင့်နေတဲ့ စခန်းတွင်းက ဒုက္ခသည်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ကြောင်း ဆိုပါတယ်။
ဤသတင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်မောင်ကို ဧရာဝတီက ဆက်သွယ်မေး မြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းသတင်းပေးပို့သည်။