သတင်းတို

KIA က ဖမ်းဆီးထားသည်ဟု ဆိုသည့် တောင်သူ ၄၈ ဦး ပြန်လွတ်လာ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တောင်တန်းပေါ်ရှိကျေးရွာ တစ်ရွာ (ဓာတ်ပုံ- ဧရာဝတီ)
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တောင်တန်းပေါ်ရှိကျေးရွာ တစ်ရွာ (ဓာတ်ပုံ- ဧရာဝတီ)

ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ဇွန် ၂၁ ရက်နေ့ ညအချိန်က ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကွတ်ခိုင်မြို့နယ်၊ ပန်ဂျရော့ပ် ကျေးရွာမှ တောင်သူ ၄၈ ဦးလုံး ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက ပြန်လည်လွတ်မြောက်ကာ ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသူများက ပြောသည်။

ဖမ်းဆီးခံရသူများ သွားရောက်လုပ်ကိုင်သည့် နေရာမှာ ကျေးရွာအုပ်စုနှစ်ခုအကြား ပိုင်ဆိုင်မှုအငြင်းပွား နေသည့် နေရာဖြစ်ပြီး တဖက်အုပ်စု၏ တိုင်ကြားမှုကြောင့် KIA က လာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်သူကိုအောင်ပူးက ဧရာဝတီသို့ပြောသည်။

ကိုအောင်ပူးက “KIA ကို တယောက် ကျပ် ၁၅၀၀၀ နှုန်း ပေးခဲ့ရတယ်။ ဒီမြေကိစ္စတွေ ရှင်းပြီးမှ လာပြန်လုပ် ဆိုတဲ့သဘောမျိုး ပြောတာပေါ့။ ကျနော်တို့မှာ စိုက်ပျိုးစရာနေရာမှ မရှိဘဲ၊ လွတ်လွတ်လပ်လပ် စိုက်ပျိုး လုပ်ကိုင်ရဖို့ တောင်းဆိုတယ်”ဟု ပြောသည်။

တောင်သူများမှာ ပန်ဂျရော့ပ်ကျေးရွာအုပ်စု နားတုံကျေးရွာတွင် ပြောင်းပင်များ သွားရောက် စိုက်ပျိုးနေစဉ် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ မှ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က လာရောက်ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Loading