ပြည်မြို့ စည်ပင်သန့်ရှင်းရေးဝန်ထမ်း မိလ္လာကျင်းဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်သေဆုံး
This article has been converted from Zawgyi One to Unicode

ပြည်မြို့ ရွှေကူရပ်ကွက် ပွဲစားတန်း အမှတ်(၃၈၈) ဦးသန်းလှိုင်၏ နေအိမ်၌ ဇွန်လ(၂၃)ရက်နေ့ ည(၉း၃၀) ခန့်က ပြည်မြို့နယ် စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်းတဦး မိလ္လာကျင်းဆင်းဆယ်ရာ အောက်ဆီဂျင်ပြတ် ပြုတ်ကျ၍ အရေးပေါ်ကယ်ဆယ်ခဲ့သော်လည်း ည ၁၀ နာရီခန့်က ဆေးရုံတွင်သေဆုံးခဲ့ကြောင်း အမှတ် ၁ ရဲစခန်းမှ သိရသည်။
” သေဆုံးသူက စည်ပင်က သန့်ရှင်းရေးဝန်ထမ်း ကိုကျော်တင့် အသက် ၃၃ နှစ်ခန့်ပါ။ ပထမနေ့က စည်ပင်မိလ္လာကားနဲ့စုပ်တယ်တဲ့။ ကျင်းထဲမှာအနှစ်တွေကျန်တာကို နောက်တနေ့မှာ လူအင်အားနဲ့ လာပြီး ခပ်ထုတ်တာ။ အပိုဝင်ငွေရှာတယ်ထင်ပါတယ်။ သူနဲ့အတူ ၃ ယောက်ပါလာတယ်။ တယောက်က သူ့ယောက်ဖ၊ ဆေးရုံရောက်မှ ဆုံးသွားတာ။ကျင်းထဲမှာ Gas အနံ့တွေကြောင့် အောက်ဆီဂျင်ပြတ်တယ်ထင်ပါတယ်။ လောလောဆယ်တော့ ဆေးစစ်ချက်ယူနေတုန်းပဲ သေမှုသေခင်းဖွင့်ထားပြီး စစ်ဆေးနေဆဲပါ ” ဟု ပြည်မြို့ အမှတ် ၁ ရဲစခန်း တာဝန်ရှိသူ တဦးကပြောသည်။
ကိုကျော်တင့်သေဆုံးမှုနှင့်ပတ်သက်၍ ၄/၂၀၁၆ဖြင့် သေမှုသေခင်းအဖြစ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။