သတင်းတို
တရားမဝင် မြန်မာအလုပ်သမားများ တင်လာသည့်ကား ထိုင်းစစ်တပ်ကားဖြင့်တိုက်မိ
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၌ တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင် လာသော ပစ်ကပ်ကားတစီးနှင့် ထိုင်းစစ်တပ်မှ ဟမ်းဗီးကားတို့ ယမန်နေ့ ည ၉နာရီခန့်က တိုက်မိရာ ထိုင်းစစ်သားတဦးနှင့် မြန်မာ ၂၆ ဦး ဒဏ်ရာရသွားကြောင်း Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါ ကား ၂စီးမှာ ၃မီတာအနက်ရှိ ရေမရှိသည့် ချောင်းရိုးတခုအတွင်း ကျသွားကြောင်း ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးများက ရှာဖွေ ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ပေးလိုက်ရကြောင်း၊ ဒဏ်ရသူများတွင် ၃နှစ်ခန့်ရှိ ကလေးတဦးလည်း ပါဝင်ကြောင်း သိရပါတယ်။
အဆိုပါ တရားမဝင် မြန်မာအလုပ်သမားကို ဆမွတ်ဆခွန်၌ အလုပ်လုပ်ရန် ခေါ်ဆောင်လာခြင်းဖြစ် တယ်လို့လည်းဆိုပါတယ်။
Did you find apk for android? You can find new Free Android Games and apps.