သတင်းတို

အမေရိကန်အကျိုးစီးပွားတွေကို မြောက်ကိုရီးယား တိုက်ခိုက်နိုင်စွမ်းရှိဟု ကင်ဂျုံအန်း ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားက Hwasong – 10 အမျိုးအစား တာလတ်ပစ် ဒုံးပျံတစင်းကို အောင်မြင်စွာ ပစ်လွှတ်လိုက်ပြီးနောက်မှာတော့ သမ္မတ ကင်ဂျုံအန်းက မြောက်ကိုရီးယားအနေနဲ့ ပစ္စဖိတ်ဒေသမှာ မှာ ရှိတဲ့ အမေရိကန် အကျိုးစီးပွားတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။

အင်္ဂါဂြိုလ်လို့ အဓိပ္ပါယ်ရပြီး Hwasong-10(Musudan) အမည်ပေးထားတဲ့ တာလတ်ပစ် ဒုံးပျံ ၂စင်းကို မြောက်ကိုရီးယား ပစ်လွှတ်ခဲ့ရာမှာ တစင်းကတော့ မအောင်မမြင် ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နောက်တစင်းကို အေင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
မိုင်ပေါင်း ၁၈၆၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ Hwasong-10 ဒုံးပျံတွေကို ရွေ့လျား ဒုံးပျံပစ်စင်တွေက နေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နဲ့ အမေရိန်ပိုင် ဂူအမ်ကျွန်းအထိ ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading