၄၃ နှစ်အတွင်း သမိုင်းဝင် ပြည်သူ့ဆန္ဒ ခံယူပွဲပြီးနောက် ဗြိတိန်နိုင်ငံသည် ဥရောပ သမဂ္ဂ (EU) မှ နုတ်ထွက်ရန် မဲအသာစီး ရခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၌ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ မဲရလဒ်မှာ ဆက်ရှိနေမည့်မဲ ၄၈ ရာခိုင်နှုန်း၊ နုတ်ထွက်မည့်မဲ ၅၂ ရာခိုင်နှုန်း ဖြစ်သည့်အတွက် EUအဖွဲ့ဝင်နိုင်ငံမှ နုတ်ထွက်တော့မည် ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ဗြိတိန်နိုင်ငံသည် ဥရောပ သမဂ္ဂနိုင်ငံများအဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုရလဒ်ကြောင့် ဗြိတိန်နိုင်ငံ၏ ငွေကြေးဖြစ်သော စတာလင်ပေါင် တန်ဖိုးသည်လည်း ၁၉၈၅ ခုနှစ် နောက်ပိုင်းကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ အထိ အနိမ့်ဆုံးအဆင့် ကျဆင်းနေပါသည်။
ဗြိတိန်သည် နိုင်ငံပေါင်း ၂၈ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ဥရောပသမဂ္ဂအဖွဲ့မှ ပထမဆုံး နုတ်ထွက်သော နိုင်ငံဖြစ်ပြီး ထိုသို့ ခွဲထွက်ရေး လုပ်ငန်းစဉ်မှာ အနည်းဆုံး ၂ နှစ် ကြာမြင့်မည်ကြောင်း သိရသည်။
Ref; BBC