သဘာဝသစ်တောများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ၂၀၁၈ ခုနှစ်၌ တင်သွင်းမည်
This article has been converted from Zawgyi One to Unicode
မြန်မာပြည် မြောက်ဖျားရှိ သဘာဝသစ်တောများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) သို့ တင်သွင်းရန် စီစဉ်နေရာ ယူနက်စကို၏ စံသတ်မှတ်ချက်ဖြင့် ကိုက်ညီ စေရန် ခါကာဘိုရာဇီ တောင်ဖက်ပိုင်းကို သဘာဝဆိုင်ရာ နယ်မြေ ဧရိယာတိုးချဲ့ခြင်း၊ နှင့် သဘာဝဆိုင်ရာ အရည်အချင်းများရှာဖွေဖော်ထုတ်ခြင်းတို့ကို သံယံဇာတနှင့် သဘာ၀၀န်းကျင်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဟု သိရသည်။ ၂၀၁၈ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းလျှောက်ထား မည့် လုပ်ငန်းစဉ်များ အတွက် Norwegian Heritage Foundation မှ အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ဟူးကောင်းတောင်ကြား တောရိုင်းတိရစ္ဆာန်ဘေးမဲ့ ဥယျာဉ်၊ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ ဥယျာဉ်၊နတ်မတောင် အမျိုးသားပန်းခြံ၊ မြိတ်ကျွန်းစုနှင့် ဆက်စပ်ဧရိယာများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ကို လဲ ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်ရည်ရွယ်ချက်ရှိကြောင်းသိရပါသည်။