ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ကြိုဆိုရာတွင် ညံ့ဖျင်းသူ ထိုင်းအရာရှိများ အရေးယူခံရ
This article has been converted from Zawgyi One to Unicode
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ဆမွတ်ဆခွန် ခရိုင် အုပ်ချုပ်ရေးမှူးအပါအဝင် ဝန်ထမ်း ၂၂ ဦးကို ရာထူးမှ ခေတ္တရပ်ဆိုင်းကာ နယ်ပြောင်းရွေ့အမိန့်ထုတ်လိုက်ကြောင်း The Nation သတင်းတွင်ဖော်ပြထားသည်၊ ထိုသို့ အရေးယူမှုကို မနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဝန်ကြီးချုပ် ပရာယွဒ်တို့ အစိုးရအိမ်တော်တွင် တွေ့ဆုံပြီး ခဏအကြာတွင် ထိုသို့ အရေးယူမှု ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ကြာသာပတေးနေ့က မဟာချိုင်ရှိ ထလေထိုင်း ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာရွေ့ ပြောင်းအလုပ်သမားများ တွေ့ဆုံ ရာတွင် အဆင်မပြေမှုများရှိခဲ့ရာ မတွေ့ဆုံခဲ့ရသည့် အလုပ်သမား၏ ပြောဆိုမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရရှိခဲ့ကြောင်းလည်း ရေးသားထားသည်။
အဆိုပါအရာရှိများအပေါ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းလည်း The Nation က ဆိုသည်။