စင်ကာပူခရီးသည်တင်လေယာဉ်ဆီယိုစိမ့်၍ ပြန်လည်ဆင်းသက်စဉ် အင်ဂျင်မီးစွဲလောင်
This article has been converted from Zawgyi One to Unicode
စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့သို့ ပျံသန်းသည့် စင်ကာပူလေကြောင်းလိုင်း (SIA) မှ ဘိုးရင်း 777-300 အမျိုးအစားလေယာဉ်သည် ခရီးသည် ၂၂၂ ဦးကို တင်ဆောင်ကာ ယနေ့နံနက် ၂နာရီ ၅ မိနစ်က ထွက်ခွာလာစဉ် ပျံသန်းချိန် ၂နာရီခွဲခန့်အကြာမှာ ဆီယိုစိမ့်တဲ့အတွက် ပြန်လှည့်ကာ နံနက် ၆နာရီခွဲတွင် ချန်ဂီလေဆိပ်သိုဆင်းသက်စဉ် မြေပြင်အရောက်မှာ ညာဘက်ခြမ်းအင်ဂျင် မီးစွဲလောင်ခဲ့တယ်လို့ စင်ကာပူ သတင်းမှာဖော်ပြထားပါတယ်။
လေယာဉ်ပေါ်မှာခရီးသည် ၂၂၂ဦးနှင့် အမှုထမ်း ၁၉ဦးတို့ ပါဝင်ပြီး၊ ခရီးသည်တဦးက လေယာဉ်မှ ဆီယိုစိမ့်မှုဖြစ်ခဲ့ကြောင်း ဆိုသလို၊ လေယာဉ်မှူးကလည်း ညာဘက်အင်ဂျင် ဆီယိုစိမ့်တဲ့အတွက် ပြန်လည်ခဲ့တယ်လို့ Channel News Asia ကို ပြောပါတယ်။
ဘိုးရင်း 777-300 လေယာဉ်ကြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ဆင်းသက်ချိန်မှာတော့ ခရီးသည်တွေက လက်ခုပ်သြဘာများပေးခဲ့ပြီး၊ လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်းများကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။