ထိုင်း- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု Hunuman Guardian 2016 စတင်
This article has been converted from Zawgyi One to Unicode

Hunuman Guardian 2016 အမည်ပေးထားတဲ့ ထိုင်း- အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ယနေ့မှာ ဆာရာဘူရီနဲ့ လော့ဘူရီခရိုင်တွေမှာ ပြုလုပ်လျှက်ရှိရာ၊ ဒါဟာ နှစ်နိုင်ငံတပ်မတော်များ အကြား ဆက်ဆံရေး ကောင်းမွန်တဲ့ လက္ခဏာဆောင်ကြောင်း ထိုင်းဘုရင့်တပ်မတော် ဗိုလ်မှူးကြီး ဆရီချန်က ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ယနေ့ ဇွန် ၂၇ရက်နေ့မှ စတင်ကာ ဇူလိုင် ၈ရက်နေ့အထိ ပြုလုပ်မျာဖြစ်ပြီး၊ အမှတ်(၁)၊(၂)၊(၃) စစ်တိုင်းများမှ ထိုင်းစစ်သည် ၇၄၈ဦး၊ အမေရိကန် ပစ္စဖိတ်ဒေသ တပ်တော်စုမှ စစ်သည် ၄၂၉ဦး ပါဝင်မှာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံတပ်မတော်များအကြား နည်းဗျူဟာ စစ်ဆင်ရေး တွေမှာ အတွေ့အကြုံတွေ ဖလှယ်ဖို့နဲ့ အထူးသဖြင့် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့နဲ့ သဘာ၀ ဘေးအန္တရာယ်နဲ့ ကြုံရင် ကယ်တင်နိုင်ဖို့အတွက် ကယ်ဆယ်ရေးပြုလုပ်ပုံ၊ ဆေးပညာဆွေးနွေးပွဲ၊ စစ်မြေပြင် ဆေးပညာဆိုင်ရာလေ့ကျင့်မှု၊ စစ်ခွေးများလေ့ကျင့်ထိန်းကျောင်းရေးနဲ့ စစ်မြေပြင်အင်ဂျင်နီယာအပိုင်းတို့ ဖြစ်တယ်လို့သိရပါတယ်။