ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးနေသည့် ထိုင်းလေတပ် ရဟတ်ယာဉ်အား ရှာဖွေနေဆဲ
This article has been converted from Zawgyi One to Unicode

ထိုင်းဘုရင့်လေတပ်မှ အဖွဲ့ဝင် ၃ဦးလိုက်ပါလာသည့် Bell-UH1 ရဟတ်ယာဉ်တစီးသည် ပြီးခဲ့သည့် စနေနေ့က Khao Chamao-Khao Wong အမျိုးသားဥယျာဉ် အပေါ်မှာ ပျံသန်းနေစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့တဲ့အတွက် ရှာဖွေရေးလုပ်ငန်းများ ကို လုပ်ဆောင်နေပါ တယ်။ ပျောက်ဆုံးတဲ့နေရာဟာ ရနောင်းခရိုင်နဲ့ ချန်သာဘူရီခရိုင်တို့ အကြားမှာ ဖြစ်ပြီး ရေဒါစခန်း တခုကို ထောက်ပံရေးပစ္စည်းများ ပို့ဖို့အသွားမှာ ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းက လူ ၃၀၀ ပါဝင်တဲ့ အဖွဲ့ဟာရှာဖွေရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့ပေမယ့် ရာသီဥတု ဆိုးရွားနေတဲ့အတွက် ရှာဖွေရေးလုပ်ငန်းမှာ အကန့်အသတ်သဖွယ်ဖြစ်နေကြောင်း၊ ဒါကြောင့် စစ်တိုင်းမှူးနဲ့ ချန်သာဘူရီအုပ်ချုပ်ရေးမှူးတို့ ရှာဖွေရေးလုပ်ငန်းတွေ အောင်မြင်ဖို့ မနေ့က အတူတကွ တောစောင့်တောင်စောင့်နတ်တွေကို ပူဇော်ပြီး အကူအညီတောင်းခံခဲ့ပါတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။