ထိုင်းဘုရင့်လေတပ်မှ ၃ရက်ကြာ ပျောက်ဆုံးနေသည့် Bell-UH1 ရဟတ်ယာဉ်၏ အပျက်အစီးအပိုင်း အစများကို တောင်တန်းများပေါ်မှာ ယနေ့ မနက်က ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။ သေဆုံးသွားတဲ့ လေသူရဲ ၃ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ရဟတ်ယာဉ်အနီးမှာ တွေ့ရှိခဲ့ပြီး၊ ပြန်လည်သယ်ဆောင်ဖို့ လုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။ အဆိုပါ Bell – UH 1 ရဟတ် ယာဉ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုင်းစစ်တပ်ရေဒါစခန်းတခုကို ထောက်ပံရေးပစ္စည်းတွေ ပို့ဆောင် ဖို့ အသွား ရနောင်းနဲ့ ချန်သာဘူရီခရိုင်အကြားမှာရှိတဲ့ Khao Chamao-Khao Wong အမျိုးသားဥယျာဉ် အပေါ်မှာ ပျံသန်းနေစဉ် ရာသီဥတု ဆိုးရွားတဲ့အတွက် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ အဆိုပါ ရေဒါစခန်းနဲ့ မီတာ ၅၀၀ ခန့်အကွာမှာ ပြန်လည်ရှိတွေ့ခဲ့ တာပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၃ရက်တာလုပ်ဆောင်ခဲ့ပေမယ့် ရာသီဥတုဆိုးရွားတာကြောင့် မလွယ်ကူတဲ့အတွက် မနေ့ကတော့ စစ်တိုင်းမှူး၊ ချန်သာဘူရီ ခရိုင်အုပ်ချုပ်မှူးတို့ဟာ တောစောင့်နတ် တောင်စောင့်နတ်တွေ ကူညီမှိုင်းမဖို့ ပူဇော်ပသခဲ့ပါသေးတယ်။