မြန်မာ ၂ဦးနှင့် နီပေါတဦးပါဝင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းမူးယစ်ဆေး ဝါး ထိန်း ချုပ်ရေး ဘုတ် (NCB) အဖွဲ့ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်၌ ရန်ကုန်မြို့ လာသည့် အသက် ၂၂ နှစ်အရွယ် အနဲလ်ဆိုသည့် မြန်မာနိုင်ငံသား တဦးထံမှ လက်ဆွဲအိတ်အတွင်း ဖွက်သယ်လာသည့် မက်သာဖက်တမင်း ၇.၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်ကို ဆက်လက်ဖော်ထုတ်ရာ အသက် ၂၅နှစ်အရွယ်ရှိ ဗီနာဒေဝီ ဆိုသော မြန်မာနိုင်ငံသား အမျိုးသမီးတဦးကို ဘန်ကောက် Bang Kho Laem ခရိုင် ဝပ်ပရာရက်ရိုင် ဧရိယာရှိ Asiatique The River Front ကုန်တိုက်ရှေ့ ကားမှတ်တိုင်မှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
၎င်းတို့ ၂ဦးအား နီပေါနိုင်ငံသား တဦးက မူးယစ်ဆေးဝါး ဖြန့်ချိရန် ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ ယင်းနီပေါ နိုင်ငံသား မှာ တာချီလိတ် နယ်စပ်ကို ဖြတ်ကျော်ကာ ချင်းရိုင်မှ ဘန်ကောက်သို့ မက်သာဖက်တမင်းကို သယ်ဆောင် နေသူဖြစ်ကြောင်း သိရပြီး ဆက်လက်ဖမ်းဆီးရာ အသက် ၃၀နှစ်အရွယ်ရှိ နီပေါနိုင်ငံသား Buddhiman Tamangကို ဘန်ကောက်မြို့ ဆွိုင် Phattanakan 57 ရှိ 711 စတိုးဆိုင်ရှေ့တွင် ဖမ်းဆီမိကြောင်း ဖော်ပြထားပါတယ်။