ကမ္ဘောဒီးယား နိုင်ငံ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ ခန့်က ထွန်းကားသည့် အန်ကာခေတ်မှ သစ်သား လှေကြီးတစီးကို အန်ကောဝပ်ဘုရားကျောင်းအနီးရှိ ရေခမ်းနေသည့် မြစ်တစင်း၏ ကြမ်းပြင်မှ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒီရှေးဟောင်းလှေကြီးကို နယူးဇီလန်မှ ရှေးဟောင်း သုတေ သနဋ္ဌာနမှ စစ်ဆေးရာ အန်ကာခေတ်က သစ်လုံးလှေကြီးဖြစ်ကြောင်း အန်ကောဝပ်နှင့် ဆီရမ်ရိ ဒေသ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့မှ ပြောခွင့်ရ Long Kosal က ဆိုပါတယ်။
ဒီလှေကြီးကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက အန်ကောဝပ်ဘုရားကျောင်းနဲ့ ကီလိုမီတာအနည်းငယ်ကွာဝေး တဲ့ ရွံတောထဲကနေ လယ်သမားတဦးက ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါမှာတော့ ပြည်သူတွေ ကြည်ရှု့ လေ့လာနိုင်ဖို့ ပြသသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သြစတြေးလျ ရှေးဟောင်းသုတေသန ပညာရှင်တဦးနဲ့ သူ့ရဲ့အဖွဲ့ဟာ အန် ကောဝပ်ဘုရားကျောင်း အနီးက သစ်တောတွေရဲ့အောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ခန့်က ထွန်းကားခဲ့တဲ့ ရှေးဟောင်းမြို့ပြကြီးတခုနဲ့ စိုက်ပျိုးရေးဆိုင်ရာ အထောက်အထားတွေကို တွေ့ရှိခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။