ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ညောင်နီကျေးရွာရှိ အခြေခံမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၇၇ ဦး ဆက် တိုက် ဖျားနာမှုဖြစ်ပွားနေသဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေး၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။
သာယာဝတီခရိုင်၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာခင်သီတာဦးက “ ဖြစ်တာက ကြာသပတေးနေ့ ကတည်း က စဖြစ်တယ်။ မနေ့ကမှ ကျမတို့ကျန်းမာရေးဌာနကို အကြောင်းကြားတယ်။ ချက်ချင်း ကျန်းမာရေးမှူးတွေနဲ့ မြို့နယ်ကျန်းမာရေးမှူးတွေ ဆင်းသွားတယ်။ ဖျားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၇၇ ယောက်လုံး ဆေးရုံကိုလွှဲရတဲ့ အခြေအနေ တော့မရှိဘူး။ သွေးလွန်တုတ်ကွေးလက္ခဏာ လုံးဝမတွေ့ရဘူး။ အဖျားက ၉၉၊ ၁၀၀ လောက်ပဲရှိတယ်။ လောလောဆယ်ကတော့ ရာသီပြောင်းတုတ်ကွေးလို့ပဲ သတ်မှတ်ထားတယ်။ နောက်ပြီး ၇၇ ဦးလုံးကို ဆေးကုပေး တယ်။ လည်ချောင်းထဲကတံတွေးကိုယူပြီး ရောဂါလက္ခဏာသိရအောင် အမျိုးသား ဓာတ်ခွဲခန်းကို နမူနာပို့ထားတယ်” ဟု ဧရာဝတီကိုသည်။
အဆိုပါညောင်နီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၅ ဦးရှိပြီး ယခုရက်ပိုင်း အတွင်း နာမကျန်းဖြစ်ပွားမှုကြောင့် ကျောင်းသားကျောင်းသူ ၇၇ ဦးအထိ ဖျားနာမှုတိုးမြှင့်လာခြင်းကြောင့် ဇွန်လ ၂၈ ရက်က ကျေးလက်ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြား အကူအညီတောင်းရခြင်းဖြစ်ကြောင့် ညောင်နီရွာခံများက ပြောဆိုသည်။
ဇွန်လ ၃၀ ရက်တွင်လည်း ကျောင်း၌ ခြင်ဆေးဖြန်းခြင်း၊ ရေသိုလှောင်ကန်များသို့ ဆေးခတ်ခြင်း သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ဒေါက်တာခင်သီတာဦးက ဆို သည်။
ဖျားနာနေသည့် ကျောင်းသား၊ ကျောင်းသူ ၇၇ ဦး အခြေအနေအား ဆက်လက်စောင့်ရှောက်နိုင်ရန် ညောင်နီကျေးရွာ တွင် ဆေးခန်းတခုဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်းနှင့် ဆေးဝါးအခြေအနေ လုံလောက်မှု ရှိသည်ဟု ၎င်းက ဆက်ပြောသည်။